Copier Security Issue

” မိတ္တူကူးစက်တွေရဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု” အကြောင်းကို သင်တန်းတွေမှာ လက်ချာပို့ချဖြစ်တဲ့အခါတိုင်း ပြောဖြစ်တယ်။ အဓိကကတော့ ၂၀၀၂ ခုနှစ်ကစပြီး အဲ့ဒီနောက်ပိုင်းမှာထုတ်တဲ့ မိတ္တူကူးစက် အားလုံးနီးပါးမှာ Hard Disk တွေ ပါတယ်ဆိုတဲ့အကြောင်း။ ဒါ့ကြောင့် လုံခြုံမှုအဆင့်အတန်းရှိတဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးတယ်ဆိုရင် အဲ့ဒီအချက်အလက်တွေဟာ မိတ္တူကူးစက်ထဲမှာ Soft Copy အနေနဲ့ ကျန်ခဲ့တဲ့အကြောင်း။ ဒါ့ကြောင့် အဲ့ဒီလိုစာရွက်စာတမ်းတွေကို အပြင်က မိတ္တူဆိုင်တွေမှာ မိတ္တူကူးမယ်၊ ကိုယ်ရုံးက မိတ္တူကူးစက်ပျက်လို့ ဆိုင်တွေမှာ ပြင်တော့မယ်ဆိုရင် ဒီအချက်ကို ထည့်သွင်း စဉ်းစားဖို့လိုတဲ့အကြောင်းတွေပါ။

ဒီနေ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကြည့်မိတော့ အဲ့ဒီလို အကြောင်းအရာတစ်ခုပါလာတယ်။ India မှာ မိတ္တူကူးဆိုင်တွေကနေ ကိုယ့်ဆီမှာ မိတ္တူလာကူးတဲ့ အချက်အလက်တွေကို စုဆောင်းပြီး

အချက်အလက်တွေ ပြန်ရောင်းစားတဲ့ ဈေးကွက်ရှိတယ်တဲ့။ ဘွဲ့လက်မှတ်၊ ပတ်စပို့၊ သင်တန်းဆင်းလက်မှတ် စသဖြင့် အချက်အလက်ကောင်းလေ ဈေးပိုရလေပဲတဲ့။ Lucky Draw လက်မှတ်တောင် ပါသေးတယ်တဲ့။ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းထားတဲ့ Lucky Draw လက်မှတ်တွေကို၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ မပို့ခင်မှာ မိတ္တူကူးဆိုင်တွေနဲ့ ချိတ်ဆက်ပြီး အချက်အလက်တွေရောင်းတဲ့အကြောင်း၊ အဲ့ဒီမိတ္တူကူးဆိုင်တွေက Lucky Draw လက်မှတ်တွေကို မိတ္တူကူးယူထားပြီးတော့၊ ကိုယ်ရေးအချက်အလက်တွေပါတဲ့ Lucky Draw တစ်စောင်ကို ၁ ရူပီးနှုန်းနဲ့

အချက်အလက်တွေပြန်ရောင်းစားတဲ့အကြောင်း ကြည့်လိုက်ရတယ်။ အဲ့ထဲမှာ လူဆိုးခေါင်းဆောင် လုပ်တဲ့သူက စွန့်ပစ် ကွန်ပျူတာတွေ၊ Hard Disk တွေကို ကွန်တိန်နာ အလိုက်ဝယ်ပြီး ဒေတာတွေစုတယ်။ အဲ့လိုကနေ Data တွေ များလာတဲ့အခါမှာ ဒုစရိုက်လုပ်ငန်းတွေကို စလုပ်တော့တာပဲ ။ နောက်ဆုံးမှာ ပေးသွားတဲ့ မက်ဆေ့လေးက ” အခုခေတ်မှာ သူခိုးတစ်ယောက်က ဖောက်ဝင်ပြီး ခိုးဖို့အတွက် မင်းရဲ့ သော့မလိုဘူး။ မင်းရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်လေးတစ်ခုရှိရင်ရပြီတဲ့”