Open Source Intelligence (သို့မဟုတ်) OSINT

Open Source Intelligence (သို့မဟုတ်) OSINT ဆိုတာ Public Sources တွေက အချက်အလက်တွေကို ရှာဖွေခြင်း၊ စုဆောင်းခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်းတို့ပြုလုပ်ပြီး Quality ရှိတဲ့ Information တွေ ရရှိအောင် ပြုလုပ်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ နည်းပညာကို နည်းနည်းပါးပါးတီးမိခေါက်မိရှိတဲ့သူတွေကတော့ OSINT ဆိုတာကို Googling လုပ်တယ်လို့ပဲ ထင်ကြတယ်။ နည်းပညာအကြောင်း လုံးဝမသိတဲ့သူတွေကြတော့လည်း OSINT ဆိုတာကို ရုပ်ရှင်တွေထဲကလို System တွေထဲကိုဖောက်ဝင်ပြီး ကိုယ်လိုချင်တဲ့ Private Data တွေ ရအောင်ယူတာမျိုးလို့ ထင်ကြပြန်ပါတယ်။ တကယ်တော့ OSINT ဆိုတာ အဲ့ဒီအရာ (၂) ခုကြားမှာရှိပြီး၊ ထောက်လှမ်းရေးဆိုင်ရာ သဘောတရားတွေ၊ ထောက်လှမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို နည်းပညာဆိုင်ရာ Tools & Practice တွေနဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။

Maltego ဆိုတာ Open Source Intelligence အတွက် အလုံးစုံအသုံးပြုနိုင်တဲ့ All-In-One Tool တစ်ခုဖြစ်ပါတယ်။ ယခုအချိန်မှာ Maltego အတွက် Official Training အနေနဲ့

  • Maltego Essentials
  • Maltego Foundations Course
  • Maltego Advanced Course

ဆိုပြီး ၃ ခုရှိပါတယ်။ Maltego Essentials ကိုတော့ Free အနေနဲ့ ရရှိနိုင်ပြီး Maltego Foundations Course နဲ့ Maltego Advanced Course တွေကတော့ တစ်ခုကို ၄၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ အဆိုပါက ၄၉၉ ဒေါ်လာတန် Course ၂ ခုကို အခမဲ့ ရရှိနိုင်တဲ့ Discount Code ကို Team MrLinuxer အနေနဲ့ ပြန်လည် ဝေမျှပေးလိုပါတယ်။ Discount Code ရဲ့ သက်တမ်းကတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိပဲဖြစ်ပြီး ရယူလိုသူတွေအနေနဲ့ Comment မှတဆင့် ရယူနိုင်ပါတယ်။

P.S. အဆိုပါ Discount Code နဲ့ ဒေါ်လာ ၉၉၉ ပေးရတဲ့ Maltego Pro (Annual subscription) ကိုလဲ အခမဲ့ ရယူနိုင်တယ်လို့ ဆိုပါတယ်။ သို့သော်သတိထားဖို့လိုအပ်ပါတယ်။

./Team MrLinuxer