Security Alert:Takeover Domain Controller (CVE-2020-1472)
Active Directory Domain Controller အဖြစ်အသုံးပြုတဲ့ Widows Server တွေမှာ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး၊ အလွန်စိုးရိမ်ဖွယ်ရာ အနေအထားအဖြစ် CVSS Score 10.0 ရှိတဲ့ Zerologon (CVE-2020-1472) လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်ပေါ်ထွက်လာတာ အခုဆိုရင် ၃ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါအားနည်းချက်ဟာ Domain Controller အဖြစ်အသုံးပြုတဲ့ Windows Server 2008 R2 ကနေစပြီး၊ ကျန် Version အားလုံးနီးပါးမှာ အကျိုးသက်ရောက်မှုရှိပါတယ်။ Attacker ဟာ အဆိုပါ အားနည်းချက်နဲ့သက်ဆိုင်တဲ့ Exploit ကို အသုံးပြုပြီး Domain Controller အား အလုံးစုံထိန်းချုပ်ခွင့်ရရှိအောင် ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ NSA ရဲ့ ထုတ်ပြန်ချက်အရ ဒီအားနည်းချက်ဟာ State-sponsored hackers တွေအနေနဲ့ လတ်တလောမှာ ပစ်မှတ်ထားတိုက်ခိုက်တဲ့ ထိပ်တန်းဆိုက်ဘာလုံခြုံရေးဆိုင်ရာ အားနည်းချက်တစ်ခုလည်းဖြစ်ပါတယ်။
Active Directory Domain Controller အဖြစ်အသုံးပြုတဲ့ Windows Server တွေမှာ အဆိုပါအားနည်းချက်ကို ပြင်ဆင်နိုင်ဖို့အတွက် Microsoft ရဲ့ August 2020 Security Patches ကို Install ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ Team MrLinuxer ရဲ့ လေ့လာတွေ့ရှိချက်အရ အချို့သော အဖွဲ့အစည်းတွေမှာ အဆိုပါအားနည်းချက်နဲ့ ပတ်သက်ပြီး လုံးဝပြင်ဆင်မှုမရှိသေးတာကို တွေ့ရှိရပါတယ်။ လက်ရှိအချိန်မှာ သူနဲ့သက်ဆိုင်တဲ့ Proof-of-Concept Exploit Code ဟာလည်း အလွယ်တကူရရှိနေပြီဖြစ်တဲ့အတွက်၊ အစိုးရဝန်ကြီးဌာနတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အချိန်မီ စစ်ဆေးပြင်ဆင်နိုင်စေဖို့အတွက် Team MrLinuxer က အသိပေးနှိုးဆော်လိုက်ရပါတယ်။
Affected Products
– Windows Server 2008 R2 for x64-based Systems Service Pack 1
– Windows Server 2008 R2 for x64-based Systems Service Pack 1 (Server Core installation)
– Windows Server 2012
– Windows Server 2012 (Server Core installation)
– Windows Server 2012 R2
– Windows Server 2012 R2 (Server Core installation)
– Windows Server 2016
– Windows Server 2016 (Server Core installation)
– Windows Server 2019
– Windows Server 2019 (Server Core installation)
– Windows Server, version 1903 (Server Core installation)
– Windows Server, version 1909 (Server Core installation)
– Windows Server, version 2004 (Server Core installation)
./Team MrLinuxer
