Digital Intelligence ဖြင့် ဘရာဇီးမူးယစ်ဂိုဏ်အား ဖြိုခွင်းခြင်း – အပိုင်း ( ၃ )

နောက်ထပ် ၅ နှစ်မှာ CGPRE ကို ဘယ်လိုပုံစံနဲ့ မြင်ချင်လဲလို့ မေးတဲ့အခါမှာတော့ Secco က ဘရာဇီးရဲတပ်ဖွဲ့အတွက် မျိူးစေ့ချပေးခဲ့ပြီးပြီဖြစ်လို့ နောက်နောင်မှာလဲ သူ့ရဲ့အဖွဲ့ဝင်တွေဟာ ငွေကြေးခဝါချတဲ့အမှုတွေကို ယခုထက်ပိုကောင်းအောင် လုပ်ဆောင်လာနိုင်မှာဖြစ်တယ်။ တကယ့်ရည်မှန်းချက် ပန်းတိုင် ၃ ခုကတော့ လက်ရှိလုပ်ဆောင်နေတာတွေအားလုံးကို ဒါ့ထက်ပိုပြီး အဆင့်မြှင့်တင်သွားပြီး ရာဇဝတ်မှုနဲ့ဆက်စပ်သမျှ အားလုံး ဖမ်းဆီးနိုင်ဖို့ ၊ ပိရမစ်ထိပ်ပိုင်းက ခေါင်းဆောင်တွေပိုဖမ်းမိဖို့ ၊ ဘရာဇီးနိုင်ငံပြင်ပကနေ ကိုယ်နိုင်ငံကိုယ့်လူမျိူးအတွက် ကပ်ရောဂါတစ်ခုလို ဒုက္ခပေးနေတဲ့အမှုတွေအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပိုကောင်းအောင်လုပ်ဖို့ ဉီးတည်သွားမယ်။
အဖွဲ့မှာ လူအင်အားက အကန့်အသတ်ရှိနေပင်မဲ့ Digital Technology ရဲ့အကူအညီကြောင့် သူရဲ့တပ်ဖွဲ့ဝင်တွေအတွက် အချိန်နဲ့ ပင်ကိုယ်စွမ်းရည်တွေကို မျှမျှတတဖြစ်အောင်ဆောင်ရွက်ဖို့ အများကြီးအထောက်အကူဖြစ်စေတယ်။ ၂၀၂၁ မှာ နောက်ထပ်ခြေလှမ်းအနေနဲ့ အဖွဲ့ဝင်အချင်းချင်း အချိတ်ဆက်မိမိ လုပ်ဆောင်သွားနိုင်မယ့်အပိုင်းကို လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားတယ်။ အခုချိန်ထိတော့ CGPRE အဖွဲ့အနေနဲ့ အမှုတွေကို နှိုင်းယှဉ်ကြည့်တာနဲ့ ဦးစားပေးအဆင့်အတန်းခွဲတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်။ အခုနှစ်သစ်မှာတော့ Cellebrite Pathfinder သုံးပြီးတော့ အားလုံးကို ချိတ်ဆက်နိုင်အောင်လုပ်ဆောင်သွားမယ်။ ဒါမှ အစိုးရအေးဂျင့်တွေအတွက် အချက်အလက်တွေ မျှဝေတာအပြင် အချိန်နဲ့တပြေးအမှုတွေကို ဖော်ထုတ်ဖို့လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်။ အဖွဲ့ဝင်တွေကို စီမံခန့်ခွဲရတာမှာလည်း ပိုပြီးလွယ်ကူသွားမယ်လို့ထင်တယ်။
Secco အနေနဲ့ တစ်နေ့မှာ သူအနားယူသွားသည့်တိုင်အောင် သူမျိုးစေ့ချပေးခဲ့တဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ နောင်အနာဂတ်မှာ ပိုတောင့်တင်းခိုင်မာလာမယ်လို့ယုံကြည်တယ်။ ငွေကြေးခဝါချတာတွေကိုဖမ်းဆီးဖို့က လုံးဝရပ်တန့်လို့မရပါဘူး။ ဆက်လုပ်ကိုလုပ်ရမယ်။ နောင် ၅ နှစ်မှာ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ချမှတ်ခဲ့တဲ့ ဦးတည်ချက် ၃ ရပ်လဲ ပြည့်မီမယ်လို့ထင်တယ်။ ဘရာဇီးရဲတပ်ဖွဲ့အနေနဲ့ကလည်း ဒီမူးယစ်ဂိုဏ်းတွေအင်အားချည့်နဲ့သွားအောင် လုပ်ဖို့၊ ဘရာဇီးနိုင်ငံအတွက်ရော နိုင်ငံတကာအတွက်ပါ လုပ်နိုင်မယ်လို့ယုံကြည်နေတယ်။ နည်းပညာကတော့မရှိမဖြစ်ပေါ့။ နည်းပညာရဲ့အကူအညီမပါဘဲ ဒီဂိုဏ်းတွေကို ဖြိုခွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘရာဇီးရဲတပ်ဖွဲ့မှာ လူ့စွမ်းအားအရင်းအမြစ်နည်းတယ်။ ဒ့ါကြောင့် စုံစမ်းစစ်ဆေးမှုတွေအတွက် နည်းပညာလိုအပ်တယ်။ မူးယစ်ရာဇာတွေကိုဖမ်းမိဖို့ နည်းပညာလိုသလို၊ နည်းပညာသုံးပြီးရယူထားတဲ့ အချက်အလက်တွေရပြီဆိုရင်၊ အဲ့ဒီအချက်အလက်တွေသုံးပြီး နောက်ထပ် စုံစမ်းမှုတွေလုပ်ဖို့လည်း လိုသေးတယ်။
အဖွဲ့ဝင်တွေအနေနဲ့ နောက်ဆုံးပေါ်နည်းပညာတွေသုံးပြီး၊ အရှိန်ကောင်းကောင်း
စိတ်အားထက်ထက်သန်သန်နဲ့လိုက်လုပ်နိုင်ဖို့ကလည်း သင်တန်းပေးဖို့ကအရေးပါလာပြန်တယ်။ မူးယစ်ရာဇာတွေကလည်း ပိုပြီးအဆင့်မြှင့်တဲ့ နည်းပညာတွေသုံးပြီး၊ သူတို့ရဲ့ တရားမဝင်ငွေတွေ၊ လမ်းကြောင်းတွေကို ဖုံးဖိထားမှာဖြစ်လို့ ရဲတပ်ဖွဲ့ဝင်တွေကလည်း သူတို့ထက် ခေါင်းတလုံးပိုသာနေဖို့လိုတယ်။
Secco ကို နေ့တိုင်းအလုပ်လုပ်ဖို့အတွက် ဘယ်အရာကတွန်းအားဖြစ်စေသလဲလို့လို့ မေးတဲ့အခါမှာတော့ ” ငါ့မှာအိပ်မက်တစ်ခုရှိတယ်။ ကိုယ့်အတွက်ကိုအကောင်းဆုံးလုပ်ဖို့နဲ့ တိုင်းပြည်အတွက်အကောင်းဆုံးလုပ်ပေးဖို့က တွန်းအားလဲဟုတ်သလို အိပ်မက်လဲဟုတ်တယ်။ မူးယစ်အဖွဲ့ကြီးကြီးကိုတွေ့ပြီး သူတို့ရဲ့ ခေါင်းဆောင်ကြီးကြီးကိုဖမ်းလိုက်နိုင်တဲ့အခါ၊ ကိုယ်လုပ်ခဲ့တာတွေက တကယ်လက်တွေ့ဖြစ်လာတယ်လို့ မြင်လာတယ်။ အဲ့ဒါက ငါအတွက် တွန်းအားပဲ”
P.S.Millions In Assets Seized as Brazil’s Federal Police Turn Their Attention To Taking Down Drug-Smuggling Kingpins ဆောင်းပါးအား သင့်လျော်အောင် ပြန်ဆိုခြင်းဖြစ်သည်။
./Team MrLinuxer