Covid-19 Autopsy Training

COVID-19 ကြောင့် ဒေါ်လာ 495$ ပေးရတဲ့ ၈ နာရီကြာ Autopsy Training တစ်ခု Free တက်ခွင့်ပေးတာကို တွေ့ရပါတယ်။ Autopsy ဆိုတာ Open Source Digital Forensics Tool တစ်ခုဖြစ်ပါတယ်။ Digital Forensics Software တွေကို အုပ်စုခွဲကြည့်မယ်ဆိုရင် Forensics လုပ်ငန်းစဉ်အစကနေ နောက်ဆုံး Report ထုတ်တဲ့အထိ အားလုံးပြုလုပ်ပေးနိုင်တဲ့ Software Suite တွေရယ်၊ အထူးလုပ်ဆောင်ချက်တစ်ခုကိုပဲ သီးသန့်လုပ်ဆောင်ပေးနိုင်တဲ့ Specialized Software ရယ်ဆိုပြီး အကြမ်းအားဖြင့် ခွဲခြားနိုင်ပါတယ်။ Autopsy ကတော့ Forensics လုပ်ငန်းစဉ်အစကနေ နောက်ဆုံး Report ထုတ်တဲ့အထိ အားလုံးပြုလုပ်ပေးနိုင်ပြီး Commercial Forensics Suite တွေနဲ့ ယှဉ်နိုင်တဲ့ အခမဲ့ သုံးစွဲနိုင်တဲ့ Software တစ်ခုဖြစ်ပါတယ်။ ဒီ Online Training ကို US Law Enforcement Agents တွေအတွက် ဒီနှစ်ကုန်အထိ ဖရီးပေးထားတယ်လို့လည်း သိရတယ်။ တွေ့ဖူးသမျှ Digital Forensics Course တွေထဲမှာတော့ Autopsy နဲ့ပက်သက်ရင် အခု Training က အစုံလင်ဆုံးလို့ပြောလို့ရပြီး လက်ရှိအချိန်ထိတော့ တစ်ခုတည်းသော Official Training လည်းဖြစ်ပါတယ်။ COVID-19 ကြောင့် ဖရီးပေးတာကိုတော့ မေလ ၁၅ ရက်နေ့အထိလို့ သိရပါတယ်။ ဒါကြောင့် အခုလိုပိတ်ရက်မျိုးမှာ လေ့လာလိုသူတွေ လေ့လာနိုင်စေဖို့အတွက် ဝေမျှပေးလိုက်တယ်။